မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီတို့တွေ့ဆုံ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ဖိတ်ကြားမှုဖြင့် ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ (The National Press Council of Thailand)မှ
ဥက္ကဌ - Mr.Chavacrong Limpattampanee ဦးဆောင်သော အဖွဲ့ဝင် (၆)ဦးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ နိုဝင်ဘာလ
၂၁ ရက်နေ့အထိ မြန်မာနိုင်ငံ၏ သတင်းမီဒီယာကိစ္စရပ်များ လေ့လာနိုင်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြသည်။

သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံသတင်းမီဒီယာ‌‌ေကာင်စီအဖွဲ့ကို ရန်ကုန်လေဆိပ်တွင် သွားရောက်ကြိုဆိုကြပြီး
၊ ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံးခန်းတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင် (ဟံသာဝတီ - ဦးအုန်းကြိုင်)
ဦးဆောင်‌ေသာ သတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုင်းနိုင်ငံ သတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာများနှင့် ပတ်သက်၍ ၎င်းတို့သိလိုသည်များကို ရင်းနှီးပွင့်လင်းစွာမေးမြန်းခဲ့ကြသည်။
ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ (The National Press Council of Thailand)မှ ဥက္ကဌ - Mr.Chavacrong Limpattampanee ဦးဆောင်သော
အဖွဲ့ဝင်များသည် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ
လုပ်ငန်းရှင်များအသင်း၊ Eleven Media များသို့လည်း သွားရောက်လေ့လာမည်ဖြစ်သည်။

17Nov19 meetwithThai 0117Nov19 meetwithThai 02

17Nov19 meetwithThai 03

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.