အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသော National Press Day သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တက်ရောက်ဆွေးနွေး


                    နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော အိန္ဒိယနိုင်ငံ၏ National Press Day သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ
ဒုတိယဥက္ကဌ ဦးကျော်နိုင် (ထက်မြက်) နှင့် ကောင်စီဝင် ဒေါ်အိအိတင် (အိသူ) တို့ တက်ရောက်ခဲ့သည်။

                   နိုဝင်ဘာ ၁၅ ရက်တွင် Council Meeting နှင့် Round Table Conference ကို India Press Council, Conference Hall တွင် ကျင်းပခဲ့ပြီး
Bangladesh Press Council, Media
 Council of Bhutan, Myanmar Press Council, Press Council of Nepal နှင့် Sri Lanka Press Council
တို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး “Reporting – Interpretation: A Journey” ခေါင်းစဉ်အောက်တွင် ဆွေးနွေးခဲ့ကြသည်။

                   ထို့နောက် Chairman, Press Council of India, Mr. Justice Chandramauli Kumar Prasad မှ နိုင်ငံတကာမှ ကောင်စီဝင်များအား
ညစာစားပွဲနှင့် တည်ခင်းဧည့်ခံခဲ့သည်။

                နိုဝင်ဘာ ၁၆ ရက်နေ့တွင် Inauguration of National Press Day, 2019 အခမ်းအနားအား Vigyan Bhawan, New Delhi အဆောက်အဦးတွင်
ပြုလုပ်ပြီး Hon’ble Vice President of India, M. Venkaiah Naidu ကိုယ်တိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားသို့
Shri Prakash Javadekar, Hon’ble Minister of Information & Broadcasting and Enviornment, Forest & Climate change, India Press
Council, Chairman နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ National Awards ဆုရရှိသူများ နှင့် မီဒီယာများ တက်ရောက်ကြသည်။

                ညပိုင်းတွင် Information & Broadcasting Minister မှ နိုင်ငံတကာကောင်စီဝင်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဌ (၂) ဦးကျော်နိုင် နှင့် ​ကောင်စီဝင် ဒေါ်အိအိတင်တို့သည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သွားရောက်ခဲ့ပြီး၊ 
နိုဝင်ဘာလ ၁၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့​သည်။

15Nov19 India0115Nov19 India02

 

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.