မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီတို့နှင့် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း၊ Eleven Media Group များသို့သွားရောက်လေ့လာ

                 မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ - Mr.Chavacrong
Limpattampanee နှင့် 
အဖွဲ့ဝင် (၆)ဦးတို့ ပါဝင်‌ေသာ သောကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်က မြန်မာနိုင်ငံသို့လာ​ရောက်သည်။

                အဆိုပါအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီဥက္ကဌဦးအုန်းကြိုင် ဦး​ဆောင်​သော ​ကောင်စီ၀င်များနှင့်​
တွေ့ဆုံပြီး ထိုင်းနိုင်ငံသတင်းမီဒီယာ​ကောင်စီ၏​ ဆောင်ရွက်​နေမှုများလက်ရှိ ထိုင်းသတင်းမီဒီယာများနှင့် ဂျာနယ်လစ်များအ​ကြောင်းကို ထိုင်းနိုင်ငံ
သတင်းမီဒီယာ​ကောင်စီဥက္ကဌက ရှင်းလင်းတင်ပြသည်။ ထို့​နောက် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီ၏ ​ဆောင်ရွက်​နေမှုများ၊ သတင်းမီဒီယာ
လွတ်လပ်မှုအ​ခြေအ​နေ၊ သတင်းသမားများ တရားစွဲဆိူခံရမှုအ​ခြေအ​နေ၊ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ အခြေအ​နေတို့ကို ထိုင်းနိုင်ငံသတင်းမီဒီယာ​
ကောင်စီဥက္ကဌနှင့်အဖွဲ့၀င်များက ​မေးမြန်းကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီက ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

              ၎င်းနောက် နှစ်နိုင်ငံကောင်စီအကြား ချုပ်ဆိုထားခဲ့​သော နားလည်မှူစာချွန်လွှာပါအချက်များအ​ကောင်အထည်​ဖော်​ဆောင်နိုင်မှူအ​ခြေအ​နေ၊
အာဆီယံသတင်းမီဒီယာ​ကောင်စီ​ပေါ်​ပေါက်လာ​ရေး​ဆောင်ရွက်​နေမှုများကို​ ဆက်လက်ဆွေး​နွေးကြသည်။  ထိုင်းနိုင်ငံသတင်းမီဒီယာ​ကောင်စီနှင့် မြန်မာ
နိုင်ငံသတင်းမီဒီယာကောင်စီတို့သည် နို၀င်ဘာလ ၁၈ ရက်တွင် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းသို့သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်ပုံနှိပ်မီဒီယာများကျဆင်းလာနေမှုကို ပြန်လည်ဦးမော့လာစေရန်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီက
ဦး​ဆောင်ပြီး​ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပုံနှိပ်မီဒီယာဖွံ့ဖြိုးရေး အလုပ်ရုံ​ဆွေး​နွေးပွဲကျင်းပမည့်အစီအစဉ်များ၊ ထိုင်းနိုင်ငံသတင်းမီဒီယာ​ကောင်စီ
မှလည်းပူး​ပေါင်းကူညီမည့် အစီအစဉ်များကို​ဆွေး​နွေးကြသည်။

              ထို့နောက် ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီတို့သည် Eleven Media Group သို့သွား​ရောက်​လေ့လာကြသည်။

         ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီတို့သည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာခွန်လွှာကို ယခုနှစ်
ဖေဖော်ဝါရီကရေးထိုးခဲ့ပြီး၊ စာချူပ်ပါအချက်များအရ နှစ်နိုင်ငံ​ကောင်စီ၊ သတင်းမီဒီယာ၊ ဂျာနယ်လစ်များအကြား ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်လျက်ရှိသည်။
နှစ်နိုင်ငံပူး​ပေါင်း​ဆောင်ရွက်​ရေးအစီအစဉ်အရ မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၁၇ ရက်မှ နို၀င်ဘာ ၂၁ ရက်ထိ လာ​ရောက်ခြင်းဖြစ်ပြီး၊ 
နို၀င်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံစာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ
အသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့လည်းကောင်းနို၀င်ဘာ၂၀ရက်တွင် 
​နေပြည်​တော်သို့လည်းသွား​ရောက်မည်ဖြစ်ကာ လွှတ်​တော်သို့လည်း​ကောင်း
ပြန်ကြား​ရေး၀န်ကြီးဌာနသို့လည်း​ကောင်း သွား​ရောက်
မည်ဖြစ်သည်။

18Nov19 0118Nov19 02

 

 

 

 

 

 

 

 

18Nov19 03

 

 

 

 

 

 

 

 

18Nov19 0418Nov19 05

 

 

 

 

 

 

 

 

 

18Nov19 0618Nov19 07

 

 

 

 

 

 

 

 

 

18Nov19 0818Nov19 09

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.