မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီ ဥက္ကဌ ဦးအုန်းကြိုင် ဦး​ဆောင်​သော ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများသို့ ​လေ့လာ​ရေးသွား​ရောက်

 

                 ဒီမိုက​ရေစီနည်းစနစ်ကျ​သောမီဒီယာထိန်းချုပ်မှုပုံစံများအဖြင့်မီဒီယာများနှင့်စပ်လျဥ်းသည့်လွှတ်​တော်နှင့်တရားစီရင်​ရေးအခန်းကဏများကို​
လေ့လာသည့် ဥ​ရောပခရီးစဥ်အဖြစ် 
ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီသို့​ ​အောက်တိုဘာလ ၇ ရက်မှ ၁၉ ရက်နေ့အထိ သွား​ရောက်ခဲ့သည်။

              အဆိုပါခရီးစဥ်သို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းစိစစ်ရေးကော်တီမှဥက္ကဌဦးဇော်မင်း၊ ဦးသိန်းလွင် ၊ဦးကျော်ကျော်၊ ဦးဝင်းဇော်၊ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်
တရားသူကြီး ဦးမြင့်အောင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်၊ တရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူး
ဦးဇော်မင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်(ဥပဒေ)၊ 
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဥက္ကဌ ဦးအုန်းကြိုင်(အဖွဲ့ခေါင်းဆောင်)၊ အတွင်းရေးမှူး ဦးကျော်စွာမင်း၊ ကောင်စီဝင်များ
ဖြစ်သည့် ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)၊ ဒေါ်သင်းသင်းသာ၊ မြန်မာမီဒီယာရှေ့နေများ ကွန်ယက်မှ ရှေ့နေ
ဒေါ်ခင်ခင်ကျော် တို့ ခရီးစဉ်တွင် ပါဝင်ခဲ့ကြသည်။

               ခရီးစဉ်ကို DW Akademie နှင့် Free Expression Myanmar တို့က ပံ့ပိုးကူညီစီစဉ်ခြင်းဖြစ်သည်။

7Oct19 01

 

 

 

 

 

 

 

 

 

7Oct19 027Oct19 03

 

 

 

 

 

 

 

 

7Oct19 04

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.