Bali Civil Society and Media Forum(BCSMF) သို့တက်​ရောက်ရန် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီဥက္ကဌနှင့်အဖွဲ့ သွားရောက်

                အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြား​ရေး၀န်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ နူဆာဒူအာ,ဘာလီ ၌ ကျင်းပမည့် ၁၂ ကြိမ်​မြောက် 
ဘာလီဒီမိုက​ရေစီဖိုရမ် (12th Barli Democracy Foreum(BDF)၏ ဆက်စပ်​ဆွေး​နွေးပွဲဖြစ်သည့်Bali Civil Society and Media Forum(BCSMF) သို့တက်​ရောက်ရန် မြန်မာနိုင်ငံ
သတင်းမီဒီယာ​ကောင်စီဥက္ကဌ ဦးအုန်းကြိုင်(ဟံသာ၀တီ ဦးအုန်းကြိုင်)နှင့် အတွင်း​ရေးမှူး ဦး​ကျော်စွာမင်းတို့သည် ယ​နေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ​လေဆိပ်မှထွက်ခွာသွားသည်။

              "Democracy and Inclusivity" နှင့် "Rising Exclusivity and Declining Democracy ​ဆောင်ပုဒ်ဖြင့် ကျင်းပ​သော ထိုဖိုရမ်သို့ အာရှပစိဖိတ်​ဒေသတွင်းရှိ နိုင်ငံ​ပေါင်း ၇၈ နိုင်ငံမှ
အကြီးအကဲများ၊ သတင်းမီဒီယာ​ကောင်စီဥက္ကဌနှင့်အဖွဲ့၀င်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များတက်​ရောက်ကြမည်ဖြစ်သည်။ထို​ဆွေး​နွေးပွဲသို့တက်​ရောက်​နေစဉ်အတွင်း မြန်မာနိုင်ငံ
သတင်းမီဒီယာ​ကောင်စီသည် 
ထိုင်းသတင်းမီဒီယာ​ကောင်စီ၊ အင်ဒိုနီးရှားသတင်းမီဒီယာ​ကောင်စီ၊ တီ​မောသတင်းမီဒီယာ​ကောင်စီတို့နှင့်​တွေ့ဆုံပြီး အ​ရှေ့​တောင်အာရှသတင်းမီဒီယာ​ကောင်စီ
ကွန်ရက်(Southeast Asian Press Councils Network ဖွဲ့စည်းရန် Constitution of SAPCN ဖွဲ့စည်း ပုံကို 
အတည်ပြုလက်မှတ်​ရေးထိုးမည်ဖြစ်သည်။ 

            ထိုဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြား​ရေး၀န်ကြီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြား​ရေး၀န်ကြီးဌာနက မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီအား 
ဖိတ်ကြားခြင်းဖြစ်ပြီး အင်ဒိုနီးရှားသတင်းမီဒီယာ​ကောင်စီကခရီးစဉ်ကို စီစဉ်ပေးခြင်းဖြစ်သည်။

04 Dec 19

 

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.