အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီကွန်ရက် (SAPCN) ပထမအကြိမ် အထွေထွေညီလာခံ

              အ​ရှေ့​တောင်အာရှသတင်းမီဒီယာ​ကောင်စီကွန်ရက် (Southeast Asian Press Councils Network -SAPCN ) ပထမအကြိမ် အ​ထွေ​ထွေညီလာခံကို ဒီဇင်ဘာ ၄ ရက် ည​နေပိုင်းက
အင်ဒိုးနီးရှားနိုင်ငံ၊ ဘာလီရှိ
Santika Siligita
ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီ၊ ထိုင်းနိုင်ငံသတင်းမီဒီယာ​ကောင်စီ၊ အင်ဒိုနီးရှားသတင်းမီဒီယာ
​ကောင်စီ၊ တီ​မောလ်သတင်းမီဒီယာ​ကောင်စီ တို့မှ ဥက္ကဌများနှင့်အဖွဲ့၀င်များ တက်​ရောက်ကြပြီး ​ဒေသတွင်းသတင်းမီဒီယာများပူး​ပေါင်း​ဆောင်ရွက်​ရေးနှင့်​ ရှေ့လုပ်ငန်းစဉ်များ​ဆွေး​နွေးကာ

SAPCN
ဖွဲ့စည်းပုံကို အတည်ပြုလက်မှတ်​ရေးထိုးကြသည်။

         ယင်း​နောက်SAPCN ဖွဲ့စည်းပုံစည်းမျဉ်းအရ အလှည့်ကျ ဥက္ကဌအဖြစ် အင်ဒိုနီးရှားသတင်းမီဒီယာ​ကောင်စီဥက္ကဌ Mohammad NUH ဒုတိယဥက္ကဌအဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီ
ဥက္ကဌ ဦးအုန်းကြိုင်(ဟံသာ၀တီဦးအုန်းကြိုင်)၊ အ​ထွေ​ထွေအတွင်း​ရေးမှူးအဖြစ်
အင်ဒိုနီးရှားသတင်းမီဒီယာ​ကောင်စီမှ Asep Setiawan ဒါရိုက်တာ အဖွဲ့၀င်များအဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာ​
ကောင်စီမှ အတွင်း​ရေးမှူး ဦး​ကျော်စွာမင်း၊ အင်ဒိုနီးရှားသတင်းမီဒီယာ​ကောင်စီမှ
Agus Sudibyo
၊ ထိုင်းနိုင်ငံသတင်းမီဒီယာ​ကောင်စီမှ Chavarong Limpattamapanee ၊ တီ​မောလ်သတင်းမီဒီယာ
​ကောင်စီမှ
Virgilio da Silva Guterres
တို့အား​ရွေးချယ်ခဲ့သည်။

         အ​ရှေ့​တောင်အာရှသတင်းမီဒီယာ​ကောင်စီကွန်ရက် (Southeast Asian Press Councils Network (SAPCN)ကို၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်​ကောက်တွင် ကျင်းပသည့်
ပထမအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာ​ကောင်စီ၊
ထိုင်းနိုင်ငံသတင်းမီဒီယာ​ကောင်စီ၊ အင်ဒိုနီးရှားသတင်းမီဒီယာ​ကောင်စီ၊ တီ​မောလ်သတင်းမီဒီယာ​ကောင်စီ အစည်းအဝေးတွင် စတင်ဖွဲ့စည်းခဲ့သည်။

05 Dec 19 0105 Dec 19 02

 

 

 

 

 

 

 

 

05 Dec 19 03

 

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.