မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် / ၂၀၂၀

၂၀၂၀ ခုနှစ်၊ မတ်လ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့။


            မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် / ၂၀၂၀ နှင့် ပတ်သက်ပြီး နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)ဘက်မှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြနိုင်ရန်အတွက် လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအပါအဝင်၊ သတင်းမီဒီယာများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အကြား ရင်းနှီးပွင့်လင်းစွာ ဆက်ဆံရေးပိုမိုကောင်းမွန်စေရေးအတွက်လည်းကောင်း၊ ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုးရေးတိုးတက်မှုများကို လေ့လာနိုင်ရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များကို လာရောက်လည်ပတ်နိုင်ရန် လေးစားစွာ ဖိတ်ကြားပါကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးရုံးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ ထံ လိပ်မူပြီး မတ်လ () ရက်နေ့ က ဖိတ်ကြားခဲ့ပါသည်။

            အဆိုပါဖိတ်ကြားချက်ကို လက်ခံရရှိပြီးနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များသည် မတ်လ (၁၀) ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သွားရောက်ခဲ့ပြီး နယ်ခြားစောင့်တပ် တာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးရုံးတွင် တွေ့ဆုံခဲ့သည်။

            မတ်လ () ရက်နေ့က မြဝတီတွင် သတင်းလာရောက်ရယူသည့် သတင်းထောက်နှစ်ဦးအား နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့က ဖမ်းဆီးခဲ့မှုနှင့်၊ ယင်းဖမ်းဆီးမှုတွင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူများ၊ ပါဝင်ပတ်သက်ခဲ့သူများကို မတ်လ () ရက်နေ့တွင် ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ပါကြောင်း၊ သတင်း သမားများသာမက မည်သူ့ကိုမဆို ထိုကဲ့သို့လုပ်ဆောင်ခွင့် မပြုထားပါကြောင်း၊ သတင်းမီဒီယာများကို ကြိုဆိုပါကြောင်း၊ မိမိတို့ဒေသရှိ သတင်းများကိုလည်း လွတ်လပ်စွာသတင်းရယူနိုင်ပါကြောင်း၊ သတင်းကိစ္စ များတွင်လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နယ်ခြားစောင့်တပ် တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

            မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဘက်မှလည်း ယခုကောင်စီသည် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းအတည်ပြုခဲ့သည့် သတင်းမီဒီယာဥပဒေအရ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ သတင်းမီဒီယာဥပဒေ ပုဒ်မ (၁၂) အရ စာနယ်ဇင်းသမားများနှင့်ပတ်သက်ပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ပါကြောင်း၊ သတင်းမီဒီယာဥပဒေ အခန်း () တွင် သတင်းမီဒီယာသမားများအတွက် သတင်းရယူပိုင်ခွင့်များ ပေးထားပါကြောင်း၊ သတင်းမီဒီယာနည်းဥပဒေ   ၂၀ () တွင်သတင်းမီဒီယာသမားများ၏ ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးက စွက်ဖက်နှောင့်ယှက် ခြိမ်းခြောက်မှုများပြုလုပ်ပါက အဆိုပါပြုမူမှု ကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်းဟူ၍ ပါရှိပါကြောင်း၊ ထို့ကြောင့်လည်း သတင်းသမား () ဦးကို နယ်ခြားစောင့်တပ်က ဖမ်းဆီးထားကြောင်း သတင်းရရခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် /၂၀၂၀ ကို ထုတ်ပြန်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းသမားများ သတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးမဏ္ဍိုင်များနှင့်တွေ့ဆုံပြီး မဏ္ဍိုင် () ရပ် တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ ပေးနေပါကြောင်း၊ တပ်မတော်နှင့်လည်း အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ စာအုပ်များကိုလည်း နယ်ခြားစောင့်တပ် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တို့၏ တွေ့ဆုံဆွေးနွေးမှုအရ သတင်းမီဒီယာနှင့်ပတ်သက်သည့် ကိစ္စများတွင် နှစ်ဦးနှစ်ဖက် နားလည်မှုရှိစွာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

                                                                                                                                                                                                                                   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.