မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ကြေညာချက် ၁ /၂၀၂၀

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ သောကြာနေ့

၁။        မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာကျင့်ဝတ်ဖောက်ဖျက်သော သတင်းဌာန များကို သတင်းမီဒီယာဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။         မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်အပြီးတွင် စာရင်းတွင်ပါဝင်ခဲ့သော မီဒီယာ အချို့သည် သတင်းမီဒီယာကောင်စီရုံးခန်းသို့လာရောက်မေးမြန်းသောကြောင့်
သတင်းမီဒီယာဥပဒေနှင့် သတင်းမီဒီယာကျင့်ဝတ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၃။        ထို့နောက် ၎င်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် နောက်နောင်တွင် မီဒီယာကျင့်ဝတ်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုခဲ့ကြပြီး သတင်းမီဒီယာ
ကောင်စီ၏
သတ်မှတ်စောင့်ကြည့် ကာလအတွင်း ၎င်းမီဒီယာများသည် ကျင့်ဝတ်နှင့် အညီဆောင်ရွက်ရန် အားထုတ်ခဲ့ကြသည်ကို တွေ့ရှိရပါ သောကြောင့် အောက်ဖော်ပြပါ မီဒီယာများ
အား
ကျင့်ဝတ်ဖောက်ဖျက်သည့် မီဒီယာများစာရင်းမှ ဖယ်ရှား လိုက်ပါသည်။

၁။ D Nae Khit Media

            https://www.facebook.com/dnaekhitmedia , https://bamakhit.com

            ၂။ SHWEMOM

            https://www.facebook.com/shwemom , http://www.shwemom.com

            ၃။ We Media

            https://www.facebook.com/we.com.mm , http://we.com.mm

            ၄။ Myanmarload

            https://www.facebook.com/myanmarload , http://www.myanmarload.com

            ၅။ XYZ NEWS

            https://xyznews.co

အတွင်းရေးမှူး

သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီ

( မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ )

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.