မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
ထုတ်ပြန်ချက် ၃/၂၀၂၀
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်၊ တနင်္လာနေ့
 
၁။ သတင်းမီဒီယာသမားအချို့သည် သတင်းရယူသည့်ကိစ္စများတွင် လည်းကောင်း၊ အခမ်းအနားများတွင် လည်းကောင်း၊ သတင်းရယူ ဖော်ပြရန် ငွေကြေးတောင်းခံနေမှုများ ရှိနေကြောင်း သိရှိရပါသည်။
 
၂။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၃ (ခ) အရ ‘သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည် နိုင်စေရန်’ ဟု ဖော်ပြထားပါသည်။ ဒီမိုကရေစီနိုင်ငံတွင် သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင်အဖြစ် အများပြည်သူများ ယုံကြည်မှုရှိစေရန်အတွက် သတင်းမီဒီယာသမားများသည် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကိုတိကျစွာ လိုက်နာရန် တာဝန်ရှိပါသည်။
 
၃။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဥပဒေ ပုဒ်မ (၁၂) အရ သတင်းမီဒီယာသမားများနှင့် ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။

၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာကို စောင့်ကြည့်ခြင်း၊ သတင်းမီဒီယာသမားများ၊ စာနယ်ဇင်းအသင်းအဖွဲ့များက သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုများရှိလာပါက သတိပေးခြင်းကို ဆောင်ရွက်ရန် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ အရ အခွင့်အာဏာရှိပါသည်။ သတင်းမီဒီယာသမားများသည် ပြဌာန်းထား သည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ပါသည်။ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
 
၅။ သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများ ကျင့်ဝတ်နှင့်မညီသော လုပ်ဆောင်မှုများ တွေ့ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. ၊ ဖုန်း- 09448026326) သို့ တိုင်ကြားနိုင်ပါကြောင်းနှင့် လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူ၏ အမည်ကိုလည်း လျှို့ဝှက် ထားပေးမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ပါသည်။
 
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.