မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ထုတ်ပြန်ကြေညာချက် /၂၀၂၀

၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်၊ သောကြာနေ့။

၁။        ယခု သီတင်းပတ်များအတွင်း COVID - 19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သတင်းမှားများ၊ လုပ်ကြံသတင်းများ ဆိုရှယ်မီဒီယာနှင့် ဝက်ဘ်ဆိုက်များတွင်
ထွက်ပေါ်လျက်ရှိပါသည်။ လူထုသတင်းမှန် ရရှိရေးနှင့် အထက်ပါ သတင်းမှားများ၊ လုပ်ကြံသတင်းများအား ရှင်းလင်းတုံ့ပြန်ရေးတွင် တာဝန်ခံမှုရှိသော တရားဝင်
သတင်းမီဒီယာများအနေဖြင့် ဝိုင်းဝန်းပါဝင်လုပ်ဆောင်ကြရန် ဝတ္တရားရှိပါသည်။ သို့ရာတွင် အချို့သော သတင်းဌာနများက သတင်းဦးမှုကိုသာ ဦးစားပေးပြီး
သတင်းမီဒီယာကျင့်ဝတ်ပါ အချက်အလက် တိကျမှန်ကန်မှုကို လျစ်လျူရှုကာ COVID - 19 နှင့်ပတ်သက်သည့် အတည်မပြုနိုင်သေးသော သတင်းများဖေါ်ပြခဲ့ကြ
သည်ကို လေ့လာတွေ့ရှိရပါသည်။

၂။      သတင်းမီဒီယာဥပဒေ အခန်း(၄)၊ ပုဒ်မ ၉ (က) တွင် “သတင်းတိုင်း အချက်အလက်တိကျ မှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း” ဟု ပြဌာန်းထား
သကဲ့သို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသော သတင်းမီဒီယာကျင့်ဝတ်လမ်းညွှန် ၁.၁ တွင် “မတိကျသော၊ အနက်ကောက်လွဲစေသော၊ ပုံဖျက်ထား
သော အချက်အလက်များကို ရေးသားထုတ်လွှင့်ခြင်း မပြုလုပ်ရပါ” ဟု ဖော်ပြထားပါသည်။

၃။      သို့သော် “ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်ရုံနှင့် ကျောင်းများ ခြောက်ပတ်ပိတ်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်းသိရသည်”
ဟု အကုန်သိသတင်းဌာနမှလည်းကောင်း၊ “ကျောင်းများ ရုပ်ရှင်ရုံများအားလုံး ခြောက်ပတ်ပိတ်ရန်နှင့် တစ်နိုင်ငံလုံး သင်္ကြန်အပါအဝင် ပွဲများအားလုံး မကျင်းပရန် လွှတ်တော်က
ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်” ဟု MANN Channel မှ လည်းကောင်း သတင်းရင်းမြစ်လည်းမပါ၊ အတည်လည်းမပြုနိုင်သည့် သတင်းများကို ၁၂.၃.၂၀၂၀ တွင် အသီးသီး
ရေးသားဖြန့်ချိ ခဲ့ကြသည်ကို တွေ့ရှိရသည်။

၄။     သို့ဖြစ်၍ အကုန်သိသတင်းဌာနနှင့် Mann Channel အပါအဝင် တရားဝင်သတင်းမီဒီယာများအနေဖြင့် အတည်မပြုနိုင်သေးသည့်သတင်းများ၊ အနက်ကောက်လွဲစေသည့်
သတင်းများ ရေးသားထုတ်လွှင့်ခြင်း မပြုရန်နှင့် သတင်းမီဒီယာကျင့်ဝတ်များအား လေးစားလိုက်နာရန် သတိပေးတိုက်တွန်းပါသည်။

၅။  သတင်းဌာနများအနေဖြင့်လည်း မိမိတို့ဌာနမှ သတင်းထောက်များအား ကိုယ်ပိုင်ဆိုရှယ်မီဒီယာ အကောင့်များတွင် အများပြည်သူနှင့်သက်ဆိုင်သည့်သတင်းအမှားများ၊
အနက်ကောက်လွဲစေသည့်သတင်းများအား မဖြန့်ချိစေရန်နှင့် ကျင့်ဝတ်နှင့်အညီ သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ကြပ်မတ်ပေးပါရန် တိုက်တွန်းပါသည်။

၆။        အကယ်၍ သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်မှုများရှိလာပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အနေဖြင့် သတင်းမီဒီယာနည်းဥပဒေ အပိုဒ် ၂၀ (ခ) အရ
ခေါ်ယူသတိပေးခြင်းနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုကို အများပြည်သူလူထုသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

                                                                                  သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီ

                                                                             မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.