မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်၊ အင်္ဂါနေ့            

 

“မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က သတင်းမီဒီယာသမားများအတွက် ကိုဗစ်ရန်ပုံငွေ ထူထောင်ထားခြင်းကိစ္စ အသိပေးခြင်း”


              ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိပြီး သတင်းမီဒီယာသမားများ သည်လည်း ကိုဗစ်ရောဂါနှင့်ဆက်နွယ်ပြီး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။
              ထိုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများအား လိုအပ်သည်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် သတင်းမီဒီယာသမားများအတွက် ကိုဗစ်ရန်ပုံငွေ
အဖြစ် ငွေကျပ်သိန်း (၁၀၀) ဖြင့် မတည်ထားပါသည်။
              ကနဦးအနေဖြင့် သတင်းမီဒီယာသမားများသည် သတင်းရယူမှုနှင့်ပတ်သက်ပြီး Quarantine ခံရခြင်း၊ ကိုဗစ်ရောဂါကူးစက်ခံရခြင်းရှိပါက တစ်ဦးလျှင် ငွေကျပ် (၂) သိန်း ထောက်ပံ့ကူညီသွားမည်ဖြစ်ပါသည်။
              (ရန်ပုံငွေ ခံစားရမည့် သတင်းမီဒီယာသမားသည် သက်ဆိုင်ရာသတင်းမီဒီယာတိုက်မှ ထောက်ခံစာ၊ ကိုဗစ်ကာလအတွင်း သတင်းရယူသူဖြစ်ခြင်း၊ Quarantine ဝင်ရောက်နေကြောင်း သက်ဆိုင်ရာက
အတည်ပြု ထောက်ခံပေးသူဖြစ်ရမည် စသည့် တင်ပြရမည့်လိုအပ်သည့် အချက်အလက် အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်)
              ထို့အပြင် သတင်းမီဒီယာသမားများအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ လာရောက် လှူဒါန်းသည့် အလှူပစ္စည်းများနှင့် အလှူငွေရရှိမှုအပေါ်မူတည်ပြီး ဆန်၊ ဆီ နှင့် အခြားကူညီထောက်ပံမှုများကို
လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
              အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (09448026326)၊ အီးမေးလ် လိပ်စာ (This email address is being protected from spambots. You need JavaScript enabled to view it.) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

 

statement 14 5may20

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.