မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သတင်းထုတ်ပြန်ချက် (၁၅/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ မေလ ၇ ရက်၊ ကြာသပတေးနေ့


                  COVID – 19 ရောဂါဖြစ်ပွားနေသည့်ကာလတွင် မြန်မာသတင်းမီဒီယာများ လုပ်ငန်းလည်ပတ်နိုင်ရေး အခက်ခဲများကြုံတွေ့လာရပြီး သတင်းသမားအချို့ အလုပ်မှရပ်နားလိုက်ရသည်ကို သိရှိရပါသည်။

                 မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အလုပ်ရပ်နားခံရသည့်သတင်းသမားများ၏ စားသောက်ရေး ယာယီပြေလည်စေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီသွားရန်
စီစဉ်လျှက်ရှိပါသည်။

                  သို့ဖြစ်ပါ၍ COVID -19 ကာလအတွင်း အလုပ်မှရပ်နားခံလိုက်ရသည့် သတင်းသမားများ၊ သတင်းမီဒီယာဌာနများအနေဖြင့် မိမိတို့သတင်းဌာနမှ အလုပ်ရပ်နားလိုက်ရသော သတင်းသမားများစာရင်းကို
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ အမြန်ဆုံးပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

  အောက်ပါအချက်အလက်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (09448026326) ၊ အီးမေးလ်လိပ်စာ (This email address is being protected from spambots. You need JavaScript enabled to view it.) များသို့ ပေးပို့နိုင်ပါသည်။

၁။ အမည်(ဆက်သွယ်ရန် ဖုန်းနံပါတ်)

၂။ လုပ်ကိုင်ခဲ့သည့် သတင်းဌာန၊ ရာထူးနှင့်တာဝန်

၃။ အလုပ်စတင်ရပ်နားခဲ့ရသည့် ရက်စွဲ

၄။ လုပ်ကိုင်ခဲ့သည့်သတင်းဌာနမှ အယ်ဒီတာအမည်နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်

၅။ လက်ရှိနေထိုင်သည့် နေရပ်လိပ်စာ (စားသောက်ကုန်များဖြန့်ချိရာတွင် အဆင်ပြေချောမွေ့စေရန်)

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

7 May 20 statement15

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.