မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်၊ သောကြာနေ့

 " လစာနည်း သတင်းမီဒီယာသမားများ၊ အမှန်တကယ်လိုအပ်မှုရှိနေသည့် သတင်းသမားများကို ပံ့ပိုးကူညီပေးမည့် အစီအစဉ်ထုတ်ပြန်ခြင်း "

           

            ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိပြီး သတင်းမီဒီယာသမားများ သည်လည်း ကိုဗစ်ရောဂါနှင့်ဆက်နွယ်ပြီး အကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။

             ထိုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများအား လိုအပ်သည်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် သတင်းမီဒီယာသမားများအတွက် ကိုဗစ်ရန်ပုံငွေအဖြစ်
ငွေကျပ်သိန်း (၁၀၀) ဖြင့် မတည် ထားပါသည်။

             မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းသမားများအား ကူညီမှုပေးရာတွင် အုပ်စု (၃) စု ခွဲ ထားပါသည်။ အုပ်စု (၁) Quarantine ခံရခြင်း ကိုဗစ်ကူးစက်ခံရသည့် သတင်းသမားများ၊ အုပ်စု(၂)
အလုပ်ရပ်နားခံထားရသည့် သတင်း သမားများ၊ အုပ်စု(၃) လစာနည်းသတင်းသမားများ၊ အမှန်တကယ်လိုအပ်မှုရှိနေသည့် သတင်းသမားများ ဖြစ်ပါသည်။

            Quarantine ခံရခြင်း၊ ကိုဗစ်ရောဂါကူးစက်ခံရခြင်းရှိသည့် သတင်းသမားများအတွက် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၀)၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်၊ အင်္ဂါနေ့တွင်လည်းကောင်း၊ " လစာနည်း သတင်းမီဒီယာ
သမားများ၊ အမှန်တကယ် လိုအပ်မှုရှိနေသည့် သတင်းသမားများကို ပံ့ပိုးကူညီပေးမည့် အစီအစဉ် " ကို သတင်းထုတ်ပြန်ချက် (၁၅/၂၀၂၀)၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၇ ရက်၊ ကြာသပတေးနေ့တွင်လည်းကောင်း ထုတ်ပြန်
ကြေညာခဲ့ပြီး ဖြစ်ပါသည်။

            ယခုအခါ လစာနည်းသတင်းသမားများ၊ အမှန်တကယ်လိုအပ်မှုရှိနေသည့် သတင်းသမားများကိုလည်း ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ပါသည်။

           သို့ဖြစ်ပါ၍ လစာနည်းသတင်းသမားများ၊ အမှန်တကယ်လိုအပ်မှုရှိနေသည့် သတင်းသမားများသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ပံ့ပိုးကူညီပေးသည့် ဆန်၊ ဆီ စသည့် စားသောက်ကုန်ပစ္စည်းများကို လက်ခံရယူနိုင်ရန်
သတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (09448026326) ၊ အီးမေးလ်လိပ်စာ (This email address is being protected from spambots. You need JavaScript enabled to view it.) သို့ အောက်ပါအချက်များပြည့်စုံအောင်ပေးပို့ပါရန်။

၁။ အမည်(ဆက်သွယ်ရန် ဖုန်းနံပါတ်)

၂။ လုပ်ကိုင်ခဲ့သည့် သတင်းဌာန၊ ရာထူးနှင့်တာဝန်

၃။ အလုပ်ရပ်နားခံရလျှင် စတင်ရပ်နားသည့်ရက်စွဲ

၄။ မိမိသတင်းဌာနမှ အယ်ဒီတာအမည်နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်

၅။ လက်ရှိနေထိုင်သည့် နေရပ်လိပ်စာ (စားသောက်ကုန်များဖြန့်ချိရာတွင် အဆင်ပြေချောမွေ့စေရန်)
တို့ကို အမြန်ဆုံးစာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအကြောင်းကြားအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (09448026326)၊ အီးမေးလ် လိပ်စာ (This email address is being protected from spambots. You need JavaScript enabled to view it.) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

 

15 May 20 statement16

 

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.