မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သတင်းထုတ်ပြန်ချက် (၁၈/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၄)ရက်၊ ဗုဒ္ဓဟူးနေ့

 

                     လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် သတင်းမီဒီယာလုပ်ငန်းများသည်လည်း အခြား စီးပွားရေးလုပ်ငန်းများနည်းတူ ထိခိုက်နစ်နာလျက်ရှိပါသည်။

                     ယခုအခါ သတင်းမီဒီယာလုပ်ငန်းများရပ်နားရခြင်း၊ သတင်းသမားများ၊ သတင်းမီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများ အလုပ်ရပ်နားခံရခြင်း၊ လစာလျော့ချခံရခြင်း၊
အလုပ်လက်မဲ့ဖြစ်ခြင်း စသည့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။

                     ထို့ကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည် နိုင်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် “သတင်းမီဒီယာလုပ်ငန်း
တိုးတက်ရေးအတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်ရေးကော်မတီ” ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

                     ယခုအခါ အဆိုပါကော်မတီသည် ကိုဗစ် - ၁၉ ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းများရပ်နားရခြင်း၊ သတင်းသမားများ၊ သတင်းမီဒီယာလုပ်ငန်းနှင့်ဆက်နွယ်လုပ်ကိုင်နေသူများ၊
အလုပ်ရပ်နားခံရခြင်း၊ လစာလျော့ချ ခံရခြင်းတို့နှင့်ပတ်သက်ပြီး စာရင်းပြုစုရန် စီစဉ်လျက်ရှိပါသည်။

                     မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ရရှိလာသောစာရင်းများကို စိစစ်၍ သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲပြီး
နိုင်ငံတော်အကြီးအကဲများ ထံသို့လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့လည်းကောင်း တင်ပြဆွေးနွေးသွားရန် စီစဉ်လျက်ရှိပါသည်။

                  သို့ဖြစ်ပါ၍ သတင်းမီဒီယာတိုက်များ၊ သတင်းမီဒီယာသမားများ၊ သတင်းမီဒီယာလုပ်ငန်းတွင် လုပ်ကိုင် နေသူများအနေနှင့် ၂၀၂၀ ခုနှစ်၊ မတ်လမှစပြီး လုပ်ငန်းများရပ်နားခြင်း၊ အလုပ်ရပ်နားခံရခြင်း၊
လစာလျော့ချခံရခြင်း တို့နှင့်ပတ်သက်ပြီး စာရင်းအရေအတွက်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (09448026326) ၊ အီးမေးလ် (This email address is being protected from spambots. You need JavaScript enabled to view it.) တို့ထံ (ဇွန်လ ၂၉ ရက်၊ တနင်္လာနေ့)
နောက်ဆုံးထား၍ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

                  ပေးပို့ရာတွင် သတင်းမီဒီယာတိုက်များအပြင်၊ သတင်းသမားများကိုယ်တိုင်သော်လည်းကောင်း၊ သတင်း မီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများ ကိုယ်တိုင်သော်လည်းကောင်း စာရင်းပေးပို့နိုင်ပါသည်။

                  ယခုကောက်ယူသောစာရင်းသည် သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေး ဆောင်ရွက်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက်
စာရင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

 

statement18 24June20

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : [email protected]

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.