သို့
သတင်းမီဒီယာတိုက်များ၊ သတင်းမီဒီယာတိုက်ပိုင်ရှင်များ၊
သတင်းမီဒီယာသမားများ၊ သတင်းမီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများ၊

အကြောင်းအရာ။ ။ စာရင်းကောက်ယူခြင်း
                                                                                                                                                                                                                           ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂)ရက်၊ ကြာသပတေးနေ့


                   လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် သတင်းမီဒီယာလုပ်ငန်းများသည်လည်း အခြား စီးပွားရေးလုပ်ငန်းများနည်းတူ ထိခိုက်နစ်နာလျက်ရှိပါသည်။

                   ယခုအခါ သတင်းမီဒီယာလုပ်ငန်းများရပ်နားရခြင်း၊ သတင်းသမားများ၊ သတင်းမီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများ အလုပ်ရပ်နားခံရခြင်း၊ လစာလျော့ချခံရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း
စသည့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။

                  ထို့ကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည် နိုင်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် “သတင်းမီဒီယာလုပ်ငန်းတိုးတက်ရေးအတွက်
စီမံချက်များရေးဆွဲ ဆောင်ရွက်ရေးကော်မတီ” ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

                 ယခုအခါ အဆိုပါကော်မတီသည် ကိုဗစ် - ၁၉ ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းများရပ်နားရခြင်း၊ သတင်းသမားများ၊ သတင်းမီဒီယာလုပ်ငန်းနှင့်ဆက်နွယ်လုပ်ကိုင်နေသူများ၊ အလုပ်ရပ်နားခံရခြင်း၊
လစာလျော့ချ ခံရခြင်းတို့နှင့်ပတ်သက်ပြီး စာရင်းပြုစုရန် စီစဉ်လျက်ရှိပါသည်။

                 မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ရရှိလာသောစာရင်းများကို စိစစ်၍ သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲပြီး
နိုင်ငံတော်အကြီးအကဲများ ထံသို့လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့လည်းကောင်း တင်ပြဆွေးနွေးသွားရန် စီစဉ်လျက်ရှိပါသည်။

                သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစပြီး လုပ်ငန်းများရပ်နားခြင်း၊ အလုပ်ရပ်နားခံရခြင်း၊ လစာလျော့ချခံရခြင်း စာရင်းတို့အပြင် လက်ရှိသတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေကြသူများစာရင်းကိုပါ
စာရင်းကောက်ယူသွားမည် ဖြစ်ပါသည်။

                စာရင်းကောက်ယူရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ စာရင်းကောက်ယူရေး တာဝန်ခံ ဖုန်းနံပါတ် (09961144411)၊ အီးမေးလ် (This email address is being protected from spambots. You need JavaScript enabled to view it.) နှင့် ဖုန်းနံပါတ် (09420262986)၊
အီးမေးလ် (This email address is being protected from spambots. You need JavaScript enabled to view it.)တို့က ဆက်သွယ်ကောက်ယူမည်ဖြစ်ပါသည်။

               အလားတူ သတင်းမီဒီယာတိုက်များသော်လည်းကောင်း၊ သတင်းသမားများကိုယ်တိုင်သော်လည်းကောင်း၊ သတင်းမီဒီယာလုပ်ငန်းတွင် လုပ်ကိုင်နေသူများကိုယ်တိုင်သော်လည်းကောင်း စာရင်းပေးပို့နိုင်ပါသည်။

               စာရင်းများကို (ဇူလိုင်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ တာဝန်ခံများထံ ပေးပို့ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

              ယခုကောက်ယူသောစာရင်းသည် သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် ပံ့ပိုးကူညီ ပေးနိုင်ရေးဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက်သာဖြစ်ပြီး ပြင်ပသို့ သတင်းပေါက်ကြားမှု
မရှိစေရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက (လျှို့ဝှက်)ထားပေးမည် ဖြစ်ပါသည်။

             (စာရင်းကောက်ယူမည့် ပုံစံကို ပူးတွဲပေးပို့ပါသည်။)

                   

                                                                                                                                                                                                                                                                                                 မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.