မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သဘောထားကြေညာချက် ၁/၂၀၁၆

 

၂၀၁၆ခုနှစ်၊ မတ်လ (၂၁)ရက်၊ တနင်္လာနေ့

၁။    ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် RIA သတင်းဌာန စာတည်းမှူးနှင့် အထွေထွေမန်နေဂျာဖြစ်သူ ဦးမင်းမင်း၏ နေအိမ်ဝင်းအတွင်း မတ်လ ၁၀ ရက် ၂၀၁၆ ခုနှစ်၊ ညပိုင်းကပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်းဖော်ပြချက်များနှင့် ကာယကံရှင်ထံမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ ပေးပို့လာသောစာအရ သိရှိရပါသည်။

၂။    သတင်းမီဒီယာဖော်ပြမှုကိုအခြေခံကာ သတင်းသမား၏လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် လက်မခံနိုင်ပါ။

၃။    လုံခြုံရေးတာဝန်ရှိသူများအနေဖြင့်လည်း အထက်ပါပေါက်ကွဲမှု၏ အကြောင်းရင်းအမှန်ကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးရန်၊ သတင်းသမားနှင့် ၄င်း၏မိသားစုဝင်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ လိုအပ်သည့် ကာကွယ်မှုများဆောင်ရွက်ပေးရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်ရန်

အမှတ် ၁၃၅ - ၁၃၈ (အေ+ဘီ)၊ ၃၅ လမ်းအလယ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : mmpresscouncil@gmail.com

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.

Please publish modules in offcanvas position.