Print

                                                                         သတင်းမီဒီယာကောင်စီဝင်ရွေးကောက်ပွဲကျင်းပပြီးစီး

           မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ နံနက် ၉ နာရီ မှ ညနေ ၃း ၃၀ နာရီအထိ ရန်ကုန်မြို့၊ Chatrium Hotel တွင်
ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၀င်များ၊ ရွေးကောက်ခံ ကောင်စီ၀င်သစ်များ၊ သတင်းမီဒီယာသမားများ စုစုပေါင်း (၉၀)ကျော် တက်ရောက်ခဲ့ကြသည်။

                 ရွေးကောက်ပွဲတွင် သတင်းမီဒီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၅) ဦးအတွက် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ််လောင်း (၅၁) ဦးမှ မဲပေးရွေးချယ်ရာတွင် ဦးကျော်စွာမင်း (MJA) မှ မဲအရေအတွက်
(၃၃)၊ ဦးချစ်ဝင်းမောင် (MJU) မှ မဲအရေအတွက် (၃၈)၊ ဦးဇင်လင်း (ဦးဌေးအောင်(BNI) မှ မဲအရေအတွက် (၂၈)၊ ဦးမြင့်ကျော် (MJN) မှ မဲအရေအတွက် (၃၀)၊ ဒေါ်အိအိတင် (MJA) မှ မဲအရေအတွက် (၃၃)
တို့မှလည်းကောင်း၊ စာရေးဆရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂) ဦးအတွက် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း (၅၁) ဦးမှ မဲပေးရွေးချယ်ရာတွင် ဦးဇေယျ (သားကြီးမောင်ဇေယျ) မှ မဲအရေအတွက် (၄၃)၊
ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်) တို့မှလည်းကောင်း၊ တစ်ဦးချင်း ကိုယ်စားလှယ်လောင်းများမှ ကိုယ်စားလှယ် (၃) ဦး အတွက် ကိုယ်စားလှယ်လောင်း (၅၀) ဦးမှ မဲပေးရွေးချယ်ရာတွင် ဦးကျော်မင်းဆွေ
မှ မဲအရေအတွက် (၂၂)၊ ဦးဇေယျာလှိုင်မှ မဲအရေအတွက် (၂၂)၊ ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက်မှ မဲအရေအတွက် (၁၈) တို့မှလည်းကောင်း သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

                  သတင်းမီဒီယာ ကောင်စီ၀င် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားတွင် သတင်းမီဒီယာကောင်စီ၀င်များအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ကောင်စီဝင်အသစ်များမှာ - ဦးကိုကို၊ ဦးခင်မောင်ဌေး၊
ဦးခိုင်မြတ်ကျော်၊ ဒေေါ်၀မာသိမ့်၊ ဒေါ်သူဇာ၊ ဒေါ်သင်းသင်းသာ၊ ဦးအုန်းကြိုင် (ဟံသာဝတီ - ဦးအုန်းကြိုင်)၊ ဦးကျော်စွာမင်း၊ ဦးချစ်ဝင်းမောင်၊ ဦးဇင်လင်း (ဦးဌေးအောင်)၊ ဦးမြင့်ကျော်၊ ဒေါ်အိအိတင်၊ ဦးကျော်မင်းဆွေ၊
ဦးဇေယျာလှိုင်၊ ဦးလှိုင်းသစ်ဇင်ဝေ (သာလွန်ဇောင်းထက်)၊ ဦးပိုင်စိုးဦး (ဂျေပိုင်)၊ ဦးမင်းဟန်၊ ဦးသိမ်းစိုး (သိမ်းစိုး - သီဟ ရတနာ)၊ ဦးဇေယျ (သားကြီးမောင်ဇေယျ)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)၊
ဦးစောသာထူး (မောင်မောင်ဖောင်တိန်)၊ ဦးကျော်ဇေယျ၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာမျိုးသန့်တင်၊ ပါမောက္ခဒေါက်တာမြင့်မောင်မောင်၊ ဦးသွင်လင်းအောင်၊ ဦးကျော်နိုင် (ထက်မြက်)၊ ဦးမြင့်လွင်၊ ဦးမော်လင်းတို့ဖြစ်သည်။

18Aug18 0118Aug18 0218Aug18 03

18Aug18 0418Aug18 0518Aug18 06

18Aug18 0718Aug18 08

  18Aug18 012

 

18Aug18 01318Aug18 01518Aug18 016

18Aug18 01718Aug18 09

18Aug18 01018Aug18 014

18Aug18 011

18Aug18 018

18Aug18 01918Aug18 02018Aug18 021

18Aug18 02318Aug18 02218Aug18 02418Aug18 025