ဒုတိယအကြိမ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင်ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် Summit Parkview Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလုပ်အမှုဆောင်အဖွဲ့၀င်များကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၀င် အသစ် (၂၈) ဦးတို့မှ မဲပေးရွေးချယ်ခဲ့ကြရာ ဥက္ကဌ ဦးအုန်းကြိုင် (ဟံသာ၀တီဦးအုန်းကြိုင်)၊ ဒုတိယဥက္ကဌ (၁)
ဒေါက်တာမျိုးသန့်တင်၊ ဒုတိယဥက္ကဌ (၂) ဦးကျော်နိုင် (ထက်မြက်)၊ အတွင်းရေးမှူး ဦးကျော်စွာမင်း၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးလှိုင်းသစ်ဇင်ဝေ (သာလွန်ဇောင်းထက်)၊
ဘဏ္ဍာရေးမှူး ဦးမင်းဟန်၊ စာရင်းစစ် ဦးသိမ်းစိုး (သီဟရတနာ) တို့မှ ရွေးချယ်တင်မြှောက်ခံရသည်။