မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ

Print

                  

မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကို သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေများအရ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ အဖွဲ့၀င် ၂၄ဦးဖြင့် ရွေးချယ် တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။

                       ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်လေး (ဖိုးသောကြာ(ခေတ် + မိုး))၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးဖေမြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူးအဖြစ် ဦးသီဟစော၊ တွဲဖက် အတွင်းရေးမှူး (၁) အဖြစ် ဒေါ်သင်းသင်းသာ၊ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ဦးကျော်စွာမင်း တို့ကို ကောင်စီ၀င်များ၏ဆန္ဒဖြင့် ရွေးချယ်ခဲ့ပါသည်။

                      ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် သတင်းမီဒီယာကောင်စီ၀င်များသည် နိုင်ငံတော် သမ္မတရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါသည်။ (မှတ်ချက် -  ဒုတိယဥက္ကဋ္ဌ (၁) ဦးဖေမြင့်သည် ပြန်ကြားရေး၀န်ကြီး ဌာနတွင် ပြည်ထောင်စု၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်မည်ဖြစ်သောကြောင့် သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ်မှ နုတ်ထွက်သွားပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကောင်စီ၀င် ဦးအောင်လှထွန်းကို သတင်းမီဒီယာကောင်စီ၏ လစ်လပ်သွားသော ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါသည်။)