မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏
သဘောထားထုတ်ပြန်ချက် ၅ / ၂၀၁၈

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်၊ အင်္ဂါနေ့

                 Daily News Myanmar သတင်းမီဒီယာဌာနသည် ၁၂.၁၁.၂၀၁၈ ရက်နေ့တွင် အင်တာနက် စာမျက်နှာပေါ်၌ မန္တ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မိသားစုကုမ္ပဏီများ တင်ဒါအများစုအောင်မြင်နေ၍
လုပ်ငန်းရှင်များ မေးခွန်းထုတ်် ခေါင်းစဉ်ဖြင့် သတင်းရေးသား ဖော််််ပြမှုသည် သတင်းမီဒီယာဥပဒေပုဒ်မ(၉)၊ ပုဒ်မခွဲ (က) (ဆ) ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်
သည့်အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (ကိုယ်စား) မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူးက (၁၆.၁၁.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့
တိုင်ကြားလာပါသည်။

                ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက စိစစ်ခဲ့ရာ Daily News Myanmar သတင်းဌာနအမည်ဖြင့် Facebook Page မှာ ၂ခုရှိနေပြီး တစ်ခုမှာ Daily News Myanmar ဖြင့်ဖွင့်ထားပြီး
Website မှာ ginger ဖြစ်ပါသည်။ ယင်း page ကို Like လုပ်ထားသူ ၃၉၄၉ ယောက်ရှိပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၁၄ ရက်နေ့တွင် စတင်ဖွင့်ထားသောPageဖြစ်ပါသည်။

                ယခုတိုင်ကြားခံရသည့် ကိစ္စဖော်ပြထားသည့် Page မှာ Logo တွင် Daily News Myanmar ဟုသုံး၍ Page အမည်မှာ DNM ဟု သုံးထားပြီးWebsite Page မရှိပါ။ ယင်း Page ကို Like လုပ်ထားသူ
၅၁၁ ယောက် ရှိ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် စတင်ဖွင့်ထားသော Page ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့မှ စတင်၍ သတင်းများတင်ထားသည်ကို စိစစ်တွေ့ရှိရပါသည်။

                 မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် အဆိုပါ DNM (Daily News Myanmar) Page သည် တရားဝင် Page (ဟုတ်/ မဟုတ်) ကို စင်ကာပူနိုင်ငံရှိ Facebook Team ထံသို့ မေးမြန်းထားပါသည်။
ယင်းဖော်ထုတ်ရရှိသော အချက်အလက်များပေါ်တွင် မူတည်၍ တိုင်ကြားခံရသည့် DNM (Daily News Myanmar) Page အား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေပါ အတိုင်း
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
                သတင်းမီဒီယာများသည် သတင်းမီဒီယာဥပဒေ ပုဒ်မ (၉)အရ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်တာဝန်ရှိပါသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ ဥပဒေပုဒ်မ(၁၈)အရ
ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး သတင်းမီဒီယာဥပဒေပုဒ်မ(၁၇) တွင် ပြဌာန်းထားသည့် ကောင်စီ၏ လုပ်ငန်းတာဝန်အရ သတင်းမီဒီယာများ လိုက်နာရမည့် တာဝန်နှင့်
ကျင့်ဝတ်များကို လိုက်နာခြင်း ရှိ/မရှိကိုလည်းကောင်း၊ ပြည်သူအများ ထင်ယောင်ထင်မှားဖြစ်စေမည့် ကျင့်ဝတ်လိုက်နာခြင်းမရှိပဲ သတင်းတု၊ သတင်းမှားများရေးသားနေသော သတင်းမီဒီယာများကို စောင့်ကြည့်
ဖော်ထုတ်သွားမည်ဖြစ်ပါသည်။

              မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာဥပဒေ ၁၇(ဇ)အရ လိုအပ်သည့်အချိန်တိုင်း သတင်းထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။

             (၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင်ပြုလုပ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : [email protected]

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.