မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သတင်းထုတ်ပြန်ချက် (၂၃ / ၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၇) ရက်၊ စနေနေ့
"ရွေးကောက်ပွဲနေ့ သတင်းရယူခွင့်နှင့် ပတ်သက်၍ အသိပေးကြေညာချက် "
သတင်းမီဒီယာများသို့
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းပြီး မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကို ထုတ်ပြန်ထား
ပြီးဖြစ်ပါသည်။
အဆိုပါလမ်းညွှန်တွင် သတင်းမီဒီယာများအတွက် ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများ၊ သတင်း မီဒီယာများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဆက်သွယ်နိုင်မည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၊
ပြည်နယ်/ တိုင်း/ခရိုင် တို့မှ ဥက္ကဌနှင့်အတွင်းရေးမှုးတို့၏ ဖုန်းနံပါတ်များကိုလည်း ဖော်ပြပေးထားပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းသဘောတူညီထားချက်အရ သတင်းမီဒီယာများသည် ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးပြီးသည့်အချိန်အထိ မဲရုံအတွင်းမှအပအခြားနေရာများတွင် ရွေးကောက်ပွဲ
နှင့်စပ်လျဉ်း၍ လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို မထိခိုက်စေဘဲ သတင်းရယူရန်ပစ္စည်းကိရိယာများအသုံးပြုခွင့် အခွင့်အရေး ရှိပါသည်။ (မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
လမ်းညွှန် ၊ ၃.၃ (က) ပါ ဖော်ပြချက်)။
သို့ဖြစ်ပါ၍ သတင်းသမားများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် သတင်းရယူရာ၌ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူးအဖွဲ့ဖြစ်သည့်
၁။ ဦးကျော်စွာမင်း၊ အတွင်းရေးမှူး (095403830)
၂။ ဦးမြင့်ကျော်၊ တွဲဖက်အတွင်းရေးမှူး (၁) (095138460)
၃။ ဦးသာလွန်ဇောင်းထက်၊တွဲဖက်အတွင်းရေးမှူး (၂) (09984943627)တို့ထံ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။
(မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကို မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ၏ Myanmar Press Council Facebook စာမျက်နှာတွင် download
ရယူနိုင် ပါသည်)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ