Print

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သတင်းထုတ်ပြန်ချက် (၂၂ / ၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၇) ရက်၊ စနေနေ့

 

"ရွေးကောက်ပွဲသတင်းဖေါ်ပြမှုများနှင့်ပတ်သက်၍ အသိပေးကြေညာချက်"

 

            မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းပြီး မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ
လမ်းညွှန်ကို ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

         အဆိုပါလမ်းညွှန်ချက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ရွေးကောက်ပွဲကာလအတွင်း (နိုင်ငံရေး ပါတီ၊ သတင်းမီဒီယာနှင့် အများပြည်သူတို့ကပေးပို့သော) ရွေးကောက်ပွဲ
သတင်းဖော်ပြချက်နှင့် ပတ်သက်သည့် တိုင်ကြားမှုမှန်သမျှကို အလုပ်လုပ်ရက် (၃) ရက်အတွင်း တတ်နိုင်သမျှ မြန်ဆန်စွာ ဖြေရှင်း ပေးရမည်ဟုဖော်ပြထားပါသည်။ (မြန်မာသတင်းမီဒီယာ
သမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလမ်းညွှန် ၊ (၁.၄) ပါဖော်ပြချက်)

       သို့ဖြစ်ပါ၍ တိုင်ကြားမှုများရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (၀၉ ၄၄၈၀၂၆၃၂၆)၊ အီးမေးလ်(This email address is being protected from spambots. You need JavaScript enabled to view it.) သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း
နှင့် တိုင်ကြားမှုများကို အလုပ် လုပ်ရက် (၃) ရက်အတွင်း တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 (မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ Myanmar Press Council Facebook စာမျက်နှာတွင်
download ရယူနိုင်ပါသည်)

 

 

                                                                                                                                                                                                                                         မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ