Print

 

သတင်းမီဒီယာသမားများသို့

အကြောင်းအရာ ။         ။ ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ အကူအညီများ ထောက်ပံ့ပေးနိုင်ရေးအတွက် အသိပေးအကြောင်းကြားခြင်း။

.

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ တနင်္ဂနွေနေ့

ကိုဗစ်ကာလအတွင်း သတင်းရယူရာတွင် သတင်းမီဒီယာသမားများအနေဖြင့် Quarantine ဝင်ရ ခြင်း၊ Positive ဖြစ်ခြင်းတို့အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ငွေကျပ် (၂)သိန်း ကူညီပေး လျက်ရှိပါသည်။

ထို့အတူ လစာနည်းသတင်းမီဒီယာသမားများ၊ အလုပ်ရပ်နားခံရသည့် သတင်းမီဒီယာသမားများကို လည်း စားသောက်ကုန်ပစ္စည်းများ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

ယခုအခါ သတင်းမီဒီယာသမားများသည် သတင်းရယူစဉ် ကိုဗစ်ရောဂါပိုးတွေ့ လူနာများနှင့် ထိတွေ့ မှု ရှိ/ မရှိ၊ ပိုးကူးစက်ခံရမှု ရှိ/ မရှိ သိရှိရန် (Home Quarantine) နေအိမ်တွင် (၁၄) ရက် နေထိုင်ရလျက်ရှိ ပါသည်။ အဆိုပါ သတင်းထောက်များအနေဖြင့် (Home Quarantine) နေအိမ် (၁၄) ရက် နေထိုင်စဉ် ကာလအတွင်း လူမှုရေး၊ စားသောက်ရေး၊ သတင်းလုပ်ငန်းကိစ္စများတွင် အခက်အခဲများ ကြုံတွေ့နေရ ကြောင်းလည်း စုံစမ်းသိရှိရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် (Home Quarantine) နေအိမ် (၁၄) ရက် နေထိုင်နေရသည့် သတင်းမီဒီယာသမားများကို ငွေကျပ် (၁)သိန်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး ထိုကဲ့သို့ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ စာရင်းပေးပို့ပေးကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

သတင်းမီဒီယာသမားများအနေဖြင့် အောက်ပါအချက်များကို ကောင်စီ အီးမေးလ်လိပ်စာမှတစ်ဆင့် ပြည့်စုံစွာပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် -

၁။ အမည် (ဆက်သွယ်ရန် ဖုန်းနံပါတ်)

၂။ လုပ်ကိုင်လျှက်ရှိသည့် သတင်းဌာန၊ ရာထူးနှင့် တာဝန်

၃။ လက်ရှိနေထိုင်သည့် နေရပ်လိပ်စာ

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်းနံပါတ် (09448026326), အီးမေးလ်လိပ်စာ (This email address is being protected from spambots. You need JavaScript enabled to view it.) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

                                                                                                                                                                                                                                           မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ