မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
ကြေညာချက် (၃ / ၂၀၂၁)

၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၀) ရက်၊ ကြာသပတေးနေ့

 

၁။   ယခုအချိန်ကာလသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ပစ္စက္ခပဋိပက္ခများ ငြိမ်းအေးစေရန် နိုင်ငံငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဏ္ဍိုင်ကြီးလေးရပ်မှ အရေးတကြီး ဝိုင်းဝန်းထိန်းကျောင်း
      ရမည့်ကာလဖြစ်ပါသည်။
၂။   နိုင်ငံတော်အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ထားသည့် သတင်းဌာန အချို့သည်ပင် သတင်းမှားများကို ရေးသား ထုတ်လွှင့် ဖြန့်ချိနေခြင်းများ တွေ့ရှိနေရပါသည်။
၃။   သတင်းမှန်ကန်မှုသည် သတင်းဌာနတစ်ခု၏ အခြေခံအကျဆုံးတာဝန်ခံရမည့် အင်္ဂါရပ်ဖြစ်ပါသည်။ မမှန်ကန်သည့်သတင်းများ၊ အတည်မပြုနိုင်သည့်သတင်းများကို ပြည်သူလူထုအတွင်း ဖြန့်ချိနေခြင်းသည်
      စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာ၏ ဂုဏ်သိက္ခာကို ပျက်ယွင်းစေပြီး ပဋိပက္ခများ ပိုမိုကြီးထွားစေနိုင်သည်ဟု သုံးသပ်မိပါသည်။
၄။  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မီဒီယာလွတ်လပ်ခွင့်မြှင့်တင်ရေးနှင့် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆဲဥပဒေများအတွင်းမှ တာဝန်ခံဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စတုတ္ထမဏ္ဍိုင်ကို
     သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ နိုင်ငံငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြားမဏ္ဍိုင်ကြီးများနည်းတူ မိမိတို့ကဏ္ဍမှ ပေါင်းကူး ဆောင်ရွက်နေသည့် ခိုင်မာသော
      အဖွဲ့အစည်း (institution) တစ်ရပ်အဖြစ် တည့်မတ်စွာ ရပ်တည်လျက် ရှိပါသည်။
၅။  သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်းရှိ သတင်းဌာနများအနေဖြင့် မိမိတို့ထုတ်ပြန်သည့် သတင်းအချက် အလက်များ၊ အသုံးအနှုန်းများ မှန်ကန်ရေးကို တာဝန်ယူ၊ တာဝန်ခံကြပါရန်နှင့် သတင်းမီဒီယာကျင့်ဝတ်၊ သတင်း
      မီဒီယာဥပဒေတို့ကို စောင့်ထိန်းလိုက်နာကြခြင်းဖြင့် စတုတ္ထမဏ္ဍိုင်အပေါ် ပြည်သူလူထု ယုံကြည်မှု ခိုင်မြဲစေရေး အထူးဂရုပြုကြရန် လိုအပ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

             

                                                                                                                                                                                                                                                        မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

 

Declar3 10june2021

 

 

ဆက်သွယ်ရန်

အမှတ် ၃၉၂ - ၃၉၆၊ ကုန်သည်လမ်း၊ (၉)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း -09448026326

အီးမေးလ် : [email protected]

ထုတ်ပြန်ချက်ဆိုင်ရာများ

© 2016 mpc. All Rights Reserved.