စဉ် |
နေ့စွဲ | စာဝင်အမှတ် | တိုင်ကြားသူလုပ်ငန်း/အဖွဲ့အစည်း | အငြင်းပွားမှု/တိုင်ကြားသည့် အကြောင်းအရာ |
တိုင်ကြားခံရသူ လုပ်ငန်း အဖွဲ့အစည်း | ဆောင်ရွက်မှု |
၁ | ၄.၄.၂၀၁၇ | ကစဝ-၁၉/၁၇ | ဦးလှဆွေ | စေ့စပ်ညှိနှိုင်းသင့်ကြောင်း အကြံပြုတင်ပြခြင်း။ | တိုင်ကြားစာ မပြည်စုံသဖြင့် ရုံးလက်ခံအဖြစ်သာ ထားရှိသည်။ | |
၂ | ၆.၄.၁၇ | ကစဝ-၂၀/၁၇ | ဦးမင်းမင်း | အစီရင်ခံတင်ပြခြင်း | တင်ပြစာ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ စစ်တွေမြို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးတို့ ထံသို့ “သတင်းစာဆရာ ဦးမင်းမင်းအား ကူညီပါရန် တင်ပြခြင်း။” အကြောင်းအရာပါ စာကို ပေးပို့ပြီး သက်ဆိုင်ရာ ဌာနများသို့ မိတ္ထူပေးပို့ သည်။ | |
၃ | ၆.၄.၁၇ | ကစဝ-၂၁/၁၇ | ဒေါ်ဝင်းပပ (DVB) | ၂၀၁၇ခုနှစ်၊ ဧပြီလ၊ (၃)ရက်နေ ့ရက်စွဲပါ ပေးပို့သည့် အလုပ် ကန်ထရိုက် ရပ်နားကြောင်း အသိပေး အကြောင်းကြားခြင်းစာနှင့် ပတ်သက်၍ မိမိ၏ သဘောထားအား ပြန်လည်တင်ပြခြင်း။ | မိတ္ထူကိုပေးပို့ခြင်းဖြစ်၍ ရုံးလက်ခံအဖြစ်သာ ထားရှိသည်။ | |
၄ |
၇.၄.၁၇ ၂၄.၄.၁၇ ၁၅.၅.၁၇ ၂၂.၆.၁၇
|
ကစဝ-၂၂/၁၇ ကစဝ-၂၄/၁၇ ကစဝ-၂၆/၁၇ ကစဝ-၃၃/၁၇ ကစဝ-၃၄/၁၇ ကစဝ-၄၇/၁၇ |
ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံး၊
ဦးအောင်စိုး (အကြီးတန်း အမှုဆောင်အယ်ဒီတာ) The Voice |
ညှိနှိုင်း ဖြေရှင်း အရေးယူပေးပါရန် တိုင်ကြားခြင်း။ တည်ဆဲ သတင်းမီဒီယာ ဥပဒေနှင့်အညီ တရားစီရင်ရေး အတွက် သဘောထား မှတ်ချက်ပြု ညှိနှိုင်း ဆောင်ရွက်ပေးပါရန် တင်ပြခြင်း။ |
The Voice Daily သတင်းစာ |
သတင်းမီဒီယာ ကောင်စီအနေနှင့် နှစ်ဘက်ကြား ညှိနှိုင်းရန် အကြိမ်ကြိမ် ကြိုးစားပြီးသော်လည်း ဆက်လက် ညှိနှိုင်း၍ မရဘဲ တိုင်ကြားသူဘက်က တရားစွဲလိုက် သဖြင့် ကောင်စီအနေနှင့် ဆက်လက် ဆောင်ရွက်ခွင့် မရှိတော့သောကြောင့် သတင်းမီဒီယာ ဥပဒေ နည်းဥပဒေ (၃၇) အရ တိုင်ကြားစာအား ပြန်လည် ရုပ်သိမ်းရန် အကြောင်းကြား၍ တိုင်စာအား ရုပ်သိမ်းလိုက်ပါသည်။ တရားရုံးသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ကောင်စီအနေနှင့် ဆက်လက် ဆောင်ရွက်ခွင့် မရှိ တော့သောကြောင့် ပေးပို့သူများထံသို့ အကြောင်းပြန်စာ ပေးပို့သည်။ |