စဉ် | နေ့စွဲ | စာဝင်အမှတ် | တိုင်ကြားသူလုပ်ငန်း/အဖွဲ့အစည်း | အငြင်းပွားမှု/တိုင်ကြားသည့် အကြောင်းအရာ | တိုင်ကြားခံရသူ လုပ်ငန်း အဖွဲ့အစည်း | ဆောင်ရွက်မှု |
၁။ | ၅.၁.၁၇ | ကစဝ-၁/၁၇ | ဒေါက်တာကြည်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်မာပင်ခရိုင်၊ ပြည်သူ့ဆေးရုံကြီး | လူပုဂ္ဂိုလ် တစ်ဦး၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေရန် မှားယွင်းသော သတင်း ဖော်ပြခဲ့ခြင်းအား ဖြေရှင်း ပေးနိုင်ပါရန် အကူအညီ တောင်းခံခြင်း။ | တိုင်ကြားစာ ကိစ္စမှာ ရက်ပေါင်း (၉၀) ကျော်လွန် နေသောကြောင့် ကော်မတီ၏ လုပ်ထုံး လုပ်နည်းအရ ကိုင်တွယ် ဆောင်ရွက်နိုင််ခြင်း မရှိပါကြောင်းကို တိုင်ကြားသူထံ အကြောင်းပြန်စာ ပေးပို့သည်။ | |
၂။ |
၁၆.၁.၁၇
၂၀.၁.၁၇
၂၃.၁.၁၇ |
ကစဝ-၂/၁၇
ကစဝ-၅/၁၇
ကစဝ-၈/၁၇ |
ဦးမင်းဒင် ၊ တာဝန်ခံ အယ်ဒီတာ၊ သူရိယနေဝန်း ဂျာနယ်။ ဦးရန်နိုင်စိုး၊ အမှုဆောင် အယ်ဒီတာ၊ သူရိယနေဝန်း ဂျာနယ်။ ဦးရန်နိုင်စိုး၊ အမှုဆောင် အယ်ဒီတာ၊ သူရိယနေဝန်းဂျာနယ်။ |
၁။ သူရိယနေဝန်း ဂျာနယ်အပေါ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ပြစ်မှု ကျူးလွန်ကြောင်း မတရား စွပ်စွဲခံရခြင်းကိစ္စ အပေါ် ကူညီ စောင့်ရှောက်ပေးပါရန် တင်ပြခြင်း ၂။ သူရိယနေဝန်း ဂျာနယ်မှ ထုတ်ဝေသူအပါအဝင် (၃) ဦးအား ဥပဒေနှင့် မညီညွှတ်ဘဲ ဆက်သွယ်ရေး ဥပဒေပုဒ်မ -၆၆ (ဃ) အရ မင်္ဂလာဒုံ ရဲစခန်းတွင် မဟုတ်မမှန် အမှုဖွင့်ခံရပါသဖြင့် ကူညီ စောင့်ရှောက်ပေးပါရန် တင်ပြ တိုင်တန်းခြင်း ၃။ သူရိယနေဝန်း ဂျာနယ်အပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပြစ်မှု ကျူးလွန်ကြောင်း မတရား စွပ်စွဲခံရခြင်းအပေါ် ရဲဲစခန်းမှ လာရောက် ချေပပေးပါရန် ပြောဆိုလာခြင်း ကိစ္စအပေါ် ကူညီ စောင့်ရှောက်ပေးပါရန် တင်ပြခြင်း |
သူရိယနေဝန်း ဂျာနယ်မှ အကူအညီ တောင်းခံသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းကိစ္စမှာ သတင်းမီဒီယာ ဥပဒေနှင့်သာ တိုက်ရိုက် အကျွမ်းဝင်နေ ပါသဖြင့် ယင်းဥပဒေနှင့် အညီ မြန်မာနိုင်ငံ သတငး်မီဒီယာ ကောင်စီက ညှိနှိုင်း ဖြေရှင်း ပေးနိုင်ရေးအတွက် လိုအပ်သလို ကူညီ ဆောင်ရွက်ပေးရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ် ထံသို့ စာပေးပို့သည်။ | |
၃။ |
၁၂.၁.၁၇
၁၂.၁.၁၇ |
ကစဝ-၃/၁၇
ကစဝ-၇/၁၇ |
ဦးငြိမ်းချမ်းအေး (ခ) ဦးဦးငြိမ်း ၊ ဟတ/၄၊ ကန်တော်ရပ်ကွက်၊ ဗန်းမော်မြို့။ | ၁။ သတင်းထောက် ကျင့်ဝတ်နှင့်အညီ ရေးသားနေသည့် အလွတ် သတင်းထောက်အား လွယ်ဂျယ် ရဲစခန်းတွင် (ပ) ၂/၂၀၁၇ အာမခံ မရသည့် ပုဒ်မ - ၁၇ (၁) ဖြင့် မဟုတ်မမှန် စွပ်စွဲ လုပ်ကြံ တိုင်ကြားသူများနှင့် ပူးပေါင်း ပါဝင်ပတ်သက် သူများအား အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူ ပေးစေလိုခြင်း။ | တိုင်ကြားစာ ကိစ္စမှာ တရားရုံးဆိုင်ရာ ကိစ္စဖြစ်နေပါသဖြင့် သတင်းမီဒီယာ ဥပဒေအရ လုပ်ပိုင်ခွင့် ကျော်လွန်နေ၍ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီမှ ဆောင်ရွက် ပိုင်ခွင့် မရှိကြောင်းကို တိုင်ကြားသူထံ အကြောင်းပြန်စာ ပေးပို့သည်။ | |
၄။ |
၁၈.၁.၁၇
၂၀.၁.၁၇ |
ကစဝ-၄/ ၁၇
ကစဝ-၆/၁၇ |
နေခြည် (မကွေး)၊ ဥက္ကဌ ၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း မကွေးတိုင်းဒေသကြီး နေခြည် (မကွေး)၊ ဥက္ကဌ၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း |
၁။ နေခြည် (မကွေး)၊ ဥက္ကဌ ၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ၁။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေးယူခံ နေရသည့်အပေါ် ကူညီ ဖြေရှင်းပေးနိုင််ပါရန် တင်ပြခြင်း။ ၂။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် အရေးယူခံ နေရသည့်အပေါ် လက်ရှိ အခြေအနေအား တင်ပြခြင်း။ |
တိုင်ကြားသူထံမှ တရားစွဲသူဘက်ကို သွားရောက် တောင်းပန်လိုက်သဖြင့် နှစ်ဘက် ကြေအေး ပြေလည်သွားပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားစာ ပြန်လည် ပေးပို့သည်။ | |
၅။ |
၂၃.၁.၁၇
၂၅.၁.၁၇ |
ကစဝ-၉/၁၇
ကစဝ-၁၀/၁၇ |
၁။ ဒေါ်အေးသီတာမိုး (ခ) ဧပရယ် ၊ အကြီးတန်း သတင်းထောက်၊ Timber Digest Journal။
၂။ ဦးအေးချမ်းဟိန် ၊ အယ်ဒီတာအဖွဲ့၊ Timber Digest Journal၊
|
၁။ သတင်းထောက် တစ်ဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့်အတွက် အသိပေး တိုင််ကြားခြင်း။
၂။ သတင်းထောက် တစ်ဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့်ကိစ္စနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်း တင်ပြခြင်း။ |
Timber Digest Journal | တိုင်ကြားသူနှင့် တိုင်ကြားခံရသူ တို့အား နှစ်ဘက် ညှိနှိုင်းပြီး တိုင်ကြားခံရ သူဘက်မှ Facebookပေါ် တင်သည့်ကိစ္စနှင့် ပတ်သက်၍ များစွာ စိတ်မကောင်း ဖြစ်မိပါကြောင်းကို တောင်းပန်စာ ပေးအပ်၍ တိုင်ကြားသူအား ပေးရမည့် လတစ်ဝက်စာ လစာကို လည်းကောင်စီမှ တစ်ဆင့်ပေး ပေးရန်အတွက် ပေးအပ်ခဲ့ပါသည်။ တိုင်ကြားသူဘက်မှလည်း ဂျာနယ်တိုက်၏ သတင်းထောက် ကဒ်ပြားကို ကောင်စီမှ တစ်ဆင့် ပြန်လည်ပေးအပ် ခဲ့ပါသည်။ |
၆။ | ၃၀.၁.၁၇ | ကစဝ-၁၁/၁၇ | ဆရာတော် ဦးဇဋ္ဌိလ (ငုတော)၊ ရန်ကုန် ကျောင်းတိုက်၊ ကျုံမငေးမြို့၊ | မမှန်မကန် တာဝန်မဲ့၊ အထောက်အထားမဲ့ သတင်း ဖော်ပြခဲ့သော Daily Eleven သတင်းစာမှ တာဝန်ရှိသူများကို တည်ဆဲ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ပေးပါရန်။ | Daily Eleven သတင်းစာ | တိုင်ကြားသူမှ ကောင်စီသို ့တိုင်ကြားရန် ပြန်လည် စဉ်းစားအုံးမည် ဖြစ်ကြောင်း ပြောကြားသွားသည်။ |